သတိရတာလေး ရေးချင်တယ်။
ဒီ ခေါင်းလောင်းဇာတ်မှာ ငဇင်ကာက ဗီလိန်။ ရွှေတိဂုံကုန်းမြေက ခေါင်းလောင်းသူခိုး။
ငဇင်ကာက ပေါ်တူဂီလူမျိုး၊ ခရစ်ယာန်မို့  အရည်ကျိုဖို့ ခိုးတယ်ဆိုတာ နဲနဲ ဖြစ်နိုင်တယ်ထား။
ဒီခေတ်ထိ ရွှေတိဂုံကုန်းမြေမှာ သူခိုးတွေရှီတယ်ဆို ယုံပါ့မလား။
တကယ်ရှိခဲ့တဲ့ ကြေးဆင်းတု နှစ်ဆူ ပျောက်ကွယ်တော်မူပြီး ကျောက်ဆင်းတုနဲ့ 
အစားထိုးထားတာကို တွေ့ ခဲ့တဲ့ သူငယ်ချင်းက စတေးတပ်ရေး ဓါတ်ပုံနဲ့  သက်သေထူ
ဖူးပါတယ်။
အဲဒီ သူငယ်ချင်းက ရာမညသားလေး ဝင်းထိန်ပါ။
သူ ရွှေတိဂုံ ရောက်ရင် ထိုင်နေကြ တန်ဆောင်းထဲက နှစ်ရာကျော်သက်တန်းရှိ လူ
အရွယ်လောက်ရှိတဲ့ ထိုင်တော်မူ ကြေးဆင်းတု ကိုယ်တော်နှစ်ပါးဟာ
လက်ရာအရမ်းကောင်းပြီး သပ္ပါယ်တော် မူလွန်းလို့  သူနိုင်ငံခြားထွက်ခါနီးမှာ
အမှတ်တရ ဓါတ်ပုံရိုက်ယူ ပူဇော်ခဲ့ပါသတဲ့။
နောက်အတော်ကြာ
ဗမာပြည်ပြန်ရောက်တော့ သူ့ ဆွေမျိုးလို ချစ်ရှာတဲ့ ကြေးဘုရားနှစ်ဆူကို
သွားအဖူးမှာတော့ ကြေးကိုယ်တော်နှစ်ပါးက ဘဝပြောင်းပြီး ကျောက်ဆင်းတု
ရွှေချတွေ ဖြစ်နေတာ ဖူးခဲ့ရလို့  ရင်ထုမနာ ရေးတင်ထားတဲ့ စတေးတပ်ဟောင်းလေးနဲ့ 
ဓါတ်ပုံလေးတွေကို အမှတ်ရလို့ ပါ။
ကြေးဆင်းတုနှစ်ဆူ
ဘယ်လိုဖြစ်သွားပြီး ဘယ်ရောက်သွားတယ်ဆိုတာကတော့ ကာယကံရှင်တွေပဲ သိမယ်။
လူအရွယ်လောက်ရှိပြီး အလွန်လေးမဲ့ ကြေးရုပ်ထုကြီးတွေမို့ 
ရွှေတိဂုံကုန်းမြေကနေ လွယ်လွယ်လေး အခိုးခံရတယ် ပြောရအောင်ကလည်း
ခပ်ခက်ခက်ပါပဲ။
အဲဒီကြေးဆင်းတုနှစ်ဆူကိုလည်း ခေါင်းလောင်းရှာသလို
ရှာပေးကြပါဦးလို့ ရှာဖွေရေး ဝါသနာအိုး အပေါင်းကို သူငယ်ချင်းဝင်းထိန်
ကိုယ်စား မေတ္တာရပ်ခံပါတယ်။
(သူငယ်ချင်းဝင်းထိန်ရေ။ မင်းလည်း အဲဒီ
စတေးတပ်ဟောင်းလေး ပြန်တင်ပေးပါလား။ ရာမညက ခေါင်းလောင်းနဲ့ အတူ ရာမညသားရဲ့ 
ဆွေမျိုး ကြေးဆင်းတုနှစ်ဆူလည်း တွေ့ လို တွေ့ ငြားပေါ့။)
ရှာဖွေရေးတွေ ကံကောင်းကြပါစေ။
No comments:
Post a Comment