ဒီနေ့ 
အိမ်နဲ့  မိုင် ၁၀၀ ခရီးလောက်ရှိမဲ့ Napa နားမှာ ၆.၀ပြင်းအားရှိ ငလျှင်
အလတ်စားတခု လှုပ်တယ်။ လူ ၁၂၀ လောက် ဒါဏ်ရာရပြီး အိမ်တွေ၊ အဆောက်အဦတွေ၊
လမ်းတွေ အတော် အက်ကွဲကုန်တယ်။ ကံကောင်းလို့  လူအသေအပျောက် မရှိ။ တီဗွီကနေ
တနေကုန် သတင်းကြေညာပေးတယ်။ ဒါဏ်ရာရထဲက ပြင်းထန်သူတွေကို ရဟတ်ယာဉ်နဲ့ 
သက်ဆိုင်ရာဆေးရုံတွေ ပြောင်းပေးတယ်။ အကူအညီတွေ ချက်ခြင်းရောက်လာပြီး နေစရာ
စားစရာတွေ စီစဉ်ပေးတယ်။ အရေးပေါ်ရင် ကူညီဖို့  အဆင်သင့် ပြင်ဆင်ထားတဲ့ အတွက် ဒီလို မြန်မြန်ဆန်ဆန် ကူနိုင်တာပါ။
ကျွန်တော်တို့  မြို့ တော်ရန်ကုန်မှာ အရည်အသွေး မမှီ ကံထရိုက်တိုက်
အဆောက်အဦတွေ၊ ပြုပြင်မွန်းမံမှုမဲ့ အဆောက်အဦအိုတွေ အများကြီးပဲ။ ဒီလို
အဆောက်အဦတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေလည်း ဒုနဲ့ ဒေး။
ကြိုပြီးမသိနိုင်တဲ့ ငလျှင်လို သဘာဝဘေးနဲ့  ကြုံရင် ခံနိုင်ရည်ရှိမယ်မထင်။
ဒီလိုဖြစ်လာရင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ။ ကယ်ဆယ်ရေးပစ္စည်းတွေ
စုဆောင်းမှုတွေ၊ အဖွဲ့ တွေ လက်တွဲလေ့ကျင့်မှုတွေ များများ လုပ်ထားဖို့ 
လိုနေပြီထင်ပါတယ်။ဖြစ်မှ ပြေးလုပ်ပေးရရင် အခက်အခဲတွေနဲ့  ကြံ့ကြာမှုတွေတွေ
့ပြီး မသေသင့်တဲ့ အသက်တွေ မကယ်နိုင် ဖြစ်ရတတ်ပါတယ်။
ဘေးကင်းရန်ကွာ ကျမ်းမာကြပါစေ။
No comments:
Post a Comment