ကျွန်တော်က ပိန်းတယ်။
သူများတွေ ဓမ္မစေတီခေါင်းလောင်း ဆိုပြီးပြောနေကြတယ်။ သူတို့ပြောတဲ့ ခေါင်းလောင်းအကြောင်း ယောင်လို့တောင် မကြားဖူးခဲ့။
ဓမ္မစေတီမင်းတော့သိတယ်။ မွန်ဘုရင်တပါး။ မြန်မာ့သမိုင်းမှာ တဦးတည်းသော
ဘုရင်မကြီး ရှင်စောပုရဲ့ သမက်။ ရှင်စောပုက သူ့ ယောကျာ်းဘုရင်
ကံတော်ကုန်လို့ တိုင်းပြည်က ဝိုင်းတင်မြှောက်ကြလို့ ဖြစ်လာတဲ့
မွန်ဘုရင်မကြီး။ သားမထွန်းကားပဲ သမီးတွေသာရှိပါသတဲ့။
ဘုရင်မကြီးက အာဏာမမက်တဲ့သူ။
ဘာသာရေးပဲ လုပ်ရင်း ဘဝဆုံးချင်သူ။ ဒါကြောင့် နန်းတော်မှာ ဆွမ်းကပ်နေကြ
ကိုယ်တော်တွေထဲက ပိဋကပ် သုံးပုံဆောင်တော်မူတဲ့ ရဟန်းကို လျှောက်ထား
သဘောတူညီချက်ယူပြီး လူထွက်စေကာ သမီးတော်နဲ့ ပေးစား။ ရဟန်းလူထွက်က
ပိဋကပ်သုံးပုံဆောင်ခဲ့သူမို့ ဓမ္မ စေတီ ထိုက်သူဖြစ်တယ်ဆိုပြီး
ဓမ္မစေတီမင်းလို့ ဘွဲ့မည်ခံ အုပ်စိုးစေပါတယ် လို့ သာ ဖတ်ရှုမှတ်သားဖူးခဲ့။
ပြီးတော့ နဂါးကိစ္စ။ ဒါလဲ ကျွန်တော်မသိ။
နဂါး ဂဠုန် ဂုဗ္ဗာန် ယက္ခ ဆိုတာ စာထဲသာဖတ်ဖူး။ ရှိမရှိမသိ။ အနောက်နိုင်ငံက
နဂါးဆိုတာ ငှက်လိုပဲ။ အတောင်ပံတွေနဲ့ ။ ပါးစပ်က မီးတွေမှုတ်တယ်။ ပျံတယ်။
တရုတ်နဂါးက ပိုစွမ်းသေး။ သူက ဘာ အတောင်ပံမှ မရှိပဲ မိုးပျံတာ။
ပြဒါးရှင်လုံးဆိုတာလည်း ပါသေးရဲ့ ။ ပါးစပ်ပြဲပြဲ အချွန်အတက်တွေနဲ့
ရုပ်ဆိုးဆိုး။
ရုပ်ရှင်ထဲ မြင်ဘူးတာတွေ ရန်းတုပ်နေတာပါ။ ဘယ်သိပါ့မလဲ။ မသိပါဘူးဆို။
ဒါကြောင့် တုံးတယ်ပြောတာ။
No comments:
Post a Comment