၈၈၈၈ ၂၆နှစ်မြောက် ရေးတဲ့စာ
၈
၎လုံး ၂၆နှစ်တဲ့။ ခုနှစ်တွေကို မေ့ထားလို့ မရေတွက်ခဲ့။ သေခြာခဲ့တာကတော့
အဲ့နေ့က မျက်နှာ လက်ကိုင်ပဝါနဲ့ လမ်းပေါ်မှာ အော်ဟစ်ပြီး ဒီမိုကရေစီ
တောင်းခဲ့တယ်။ နောက်ကြတော့ မျက်နှာ ပေါ်တင်ပြပြီး ထပ်တောင်းတယ်။
၁၈/၀၉/၁၉၈၈မှာ တောင်းတာမပေးပဲ သေနပ်စာကျွေးလို့ ခွေးပြေးဝက်ပြေး
ပြေးခဲ့ရတဲ့အထဲလည်း ထိပ်ဆုံးက ပါခဲ့တာပါပဲ။
နောက်ထပ်သေချာခဲ့တာ တစ်ခုက အဲ့ဒီတုန်းက ၂၃နှစ်အရွယ်လူငယ် ကိုတက်ကြွ အခုတော့ ဦးလေးကြီး ဦးမတက်ကြွ ဘဝကိုပြောင်းခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ မရသေးတာပါ။
အခွင့်အရေးကြောင့်လည်း ဘက်မပြောင်းခဲ့။ သစ်တွေလည်းးခိုးထုတ်မရောင်းခဲ့။ ခုထိလည်းယုံကြည်ချက်ကို စွဲမြဲစွာ ထောက်ခံနေဆဲ။ ကိုယ့်လိုလူတွေလည်း ဒုနဲ့ဒေး။ မအောင်မြင်ခဲ့တာကတော့ ကိုယ်တွေ ညံ့ခဲ့လို့ နေမှာပါ။
ဘာပဲဖြစ်ဖြစ် ယုံကြည်ရာအတွက် ဒူးမထောက် လက်မမြောက်ပဲ တိုက်ပွဲဝင်ရင်းအသက်စွန့်ခဲ့တဲ့၊ ထောင်ထဲမှာ နှစ်များစွာ ပေးဆပ်ခဲ့တဲ့ ရောင်းရင်းများကို ကျေးဇူးတင်ပါတယ်။
သာယာဝပြောတဲ့ ဆိုရှယ်လစ်လူ့ ဘောင်ကို ၂၆နှစ်ကြာ မြန့်မာ့နည်း
မြန်မာ့ဟန်နဲ့ တည်ဆောက်နေရင်း မွဲပြာကျခဲ့လို့ လမ်းပေါ်ထွက် ဆန္ဒပြလိုက်တာ
နောက်ထပ်၂၆နှစ်ကြာမှာတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြင့် ခေတ်မှီ
ဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးအား
တည်ဆောက်မည်တဲ့။ ကြည့်သာ လုပ်ကြပါတော့ ဘောင်းဘီချွတ် ဘဘတို့ရယ်။ နောက်ထပ်
၂၆နှစ် ထပ်စောင့်ရမယ်ဆိုရင်ဖြင့် မောင်လူပေလည်း ဒီကမ္ဘာလောကပေါ်မှာ
ရှိတော့မည် မထင်။
No comments:
Post a Comment