ဒီခရီးကို စီစဉ်တာတော့မဟုတ်။ အမေတို့ ရွာကို အမေပြန်တိုင်း အိမ်စောင့်တာဝန်ကျသူမို့  မရောက်ဖူးခဲ့လို့  ရောက်ဖူးချင်သည်။ အိမ်ကကိုးကွယ်သော သိမ်ဥူးကျောင်းဆရာတော်ကလည်း ရွာပြန်ဖို့ ရှိသည်။ ဆရာတော်က ရွှေကျင်ဂိုဏ်းဝင်မို့  ငွေကို ကိုင်တွယ်ခွင့်မရှိသဖြင့် ကပ္ပိယလိုသည်။ ဘုန်းကြီးကျောင်းသားက နေမကောင်း။ ထိုသို့  အကြောင်းဆုံကာ အမေက ဘုန်းကြီးကျောင်းသားလုပ်ပြီး ရွာလိုက်သွားဟုဆိုကာ လိုရာသုံးရန် ငွေနှစ်ရာပေးပြီး ဆရာတော်နှင့် ထည့်လိုက်လေသည်။
ဘုန်းကြိးကျောင်းသား အသစ်စက်စက်က ၁၈နှစ်သာရှိသေးသော ဒုတိယနှစ်ကျောင်းသားဖြစ်ရာ ဘုန်းကြီးကျောင်းသားစိတ်သွင်းမရ
ရွာသို့ သွားမည့်ကားက နေ့ လည်နှစ်နာရီလောက်မှာ အောင်လံဈေးဘေးမှထွက်သည်။ ကားက ရွှေပန်းတောကမနက်ထွက်ပြီး အောင်လံမှ နေ့ လည်ပြန်ထွက်သည့် တစ်စီးသာရှိသည့် ၆တန် ကုန်ကားဖြစ်သည်။ သည်တစ်စီးသာရှိသော ကုန်ကားက ကုန်အပြည့်ကို တင်ထားသေး၏။ ဘယ်ကစီးရမှာလဲမေးတော့ ကုန်တွေပေါ်က ထိုင်လိုက်ရမည်တဲ့။ ဒီလိုနှင့် ကုန်တွေပေါ် ကုတ်ဖဲ့တက်ပြီး အများနှင့်ရောနှောထိုင်ကာ ကျောက်ခဲစားထားတောင် အစာကြေတယ်ဟုပြောကြသော ရွှေပန်းတောလမ်း ခတ်ကြမ်းကြမ်းကို ရင်ဆိုင်ခဲ့ရတော့သည်။
ကုန်အပြည့်ပေါ်မှာထိုင်ရတာမို့  ဘယ်လိုမှအဆင်မပြေ။ ကိုင်စရာလည်းမရှိ။ လမ်းကလည်းကြမ်းမို့  တကိုယ်လုံး ယိမ်းကလိုက်ရသည်။ ကားပေါ်ပါ လူတစ်ယောက်က သစ်ကိုင်းစောင့်တာဝန်ယူသည်။ သစ်ကိုင်းစောင့်ဆိုလို့  မျက်စိလယ်မသွားကြပါနှင့်။ လူတွေက ကုန်အပြည့်တင်ထားသောကားပေါ်မှာထိ
အချိန်က သီတင်းကျွတ် တန်ဆောင်မုန်းမို့  မိုးကလည်း မကုန်ချင်သေး ဖွဲဖွဲလေးရွာလို့ နေသည်။ ထီးကလည်း ဘယ်လိုမှဆောင်းမရသည်မို့  ကားပေါ်ကလူအားလုံးလေအေးဒါဏ်၊မိုး
သဲချောင်းကားရေစပ်စပ်နှင့်။ ချေင်းကမ်းပါးက မညီညာသည်မို့ ကားမှောက်တတ်သဖြင့် အားလုံးဆင်းရသည်။ ကားက ကြမ်းတုံးအားကိုးနှင့်ဖြတ်၊ လူတွေက ကိုယ့်ခြေထောက်နဲ့ ဖြတ်၊ချောင်းကျော်လျှင် ကားပေါ်ပြန်တက်။ဒီလိုနှင့်ပင် တံတားမဲ့ သဲချောင်းနှစ်ခုကို ကျော်ဖြတ်ခဲ့ရသည်။ နောက်ဆုံးနာမည်ကျော် မြို့လှချောင်းသို့  ရောက်တော့ ငါးနာရီနီးပြီ။ မြို့လှရွာအနီးရှိ မြို့ လှချောင်းက အကျယ်ကြီး။ ပြီးတော့ ရေအပြည့်ဖြင့် ကြိုလှင့်နေပေပြီ။
မြို့ လှချောင်းမှာရေတိုးနေသဖြင့် ကားဆက်သွားလို့  မရတော့ပြီ။ ဒီမှာညအိပ်ပြီး မနက်ရေကျမှ ကားပြန်ထွက်နိုင်မည်တဲ့။ ဒုက္ခက မထင်မှတ်ပဲဆီးကြိုနေလေသည်။ ကိုယ်ကလူစိမ်း၊ အဖေါ်လည်းမပါ။ ဘယ်သူ့ ကိုမှလည်းမသိ။ ရွာရောက်ဖို့  ဘယ်လောက်လိုသေးလဲလို့  စပ်စုမိတော့ ရှစ်မိုင်ကျော်လိုသေးသည်တဲ့။ ဒါဆို ၁၂မိုင်သာ ခရီးပေါက်ခဲ့ခြင်းပင်။ နီးစပ်ရာရွာမှ လူများကတော့ အထုတ်လေးတွေ ခေါင်းမှာရွက်ရင်း ချောင်းကိုကူးနေကြတာမြင်ရ၏။ ချောင်းရေကတော့ ခါးသာသာရှိလေသည်။
ဘာအရေးလဲ။ယောက်ျားပဲ။ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဟ
(ဆက်ရေးပါမယ်။)
No comments:
Post a Comment