နီးရက်နဲ့ဝေးနေတဲ့ နေရာတွေ မြန်မာပြည်မှာ အများကြီးပါ။ မိုင်နှစ်ဆယ်ခရီးကို သုံးနာရီခွဲလောက်ကြာအောင် ကားဖြင့် သွားရတဲ့နေရာမျိုးပေါ့။ ပြည်နယ်တွေလို့မထင်စေလို။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ထဲမှာ။ ပြည်မထဲမှာတင် ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာတွေ အများကြီးရှိသေးသည်။ ဒီလိုနေရာမှာ အမေ့ကို မွေးဖွားခဲ့လေသည်။
သူတို့ရွာလေးက ရိုးမတောင်ခြေနှင့် မလှမ်းမကမ်းတွင် ကျွန်းလုံးအပြည့်ကာထားသော ရွာစည်းရိုးကြီးဖြင့် ခန့်ညားစွာတည်ရှိသည်။ လူတဖက်မကကြီးမားသည့် ကျွန်းသစ်လုံးတွေကို စီရီစွာ နွယ်ကြိုးများဖြင့်တုတ်နှောင်ပြ
ရွာထဲမှာတော့ အိမ်ခြေ ၁၀၀ကျော်က စည်းရိုးမဲ့ တည်ထားလေသည်။ ဟို ငှက်ပြောပင်ထိငါ့မြေ၊ ဟိုဇီးဖြူပင်ထိက သူ့မြေဟု မှတ်ထားကြသည်။ စာချုပ်မရှိ မြေတိုင်းမလာ ရန်လည်းမဖြစ်ကြ။ တရွာလုံးကလည်း အမျိုးတွေချည်း။ သူ့အမျိုးငါယူ ငါ့အမျိုးသူယူနှင့် အမျိုးပတ်လည်ရိုက်ကြသည်။ သူတို့ သတ်မှတ်ချက်က နှစ်ဝမ်းကွဲဆို ယူလို့ရသတဲ့။ ဒါနဲ့ပဲ ရွာထဲမှာ အမျိုးမတော်တဲ့အိမ် မရှိတော့။
အိမ်တွေတော့ခြံစည်းရိုးမကာပဲ ရွာကို ခြံခတ်ထားရခြင်းအကြောင်း စပ်စုမိသည်။ သူတို့ က မြေထဲမြို့ဝန်ဦးမှိုရဲ့ အနွယ်တွေ၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ မြန်မာစစ်ရှုံးတော့ မြေထဲကို အသိမ်းခံရသည်။ သူ့ကျွန်မခံလိုသော မြို့ဝန်က သူ့ဆွေမျိုးတသိုက်နှင့် ရိုးမတောင်ခြေကိုပြေးကာ ရွာတည်လေသည်။ထိုအချိန်က ကျွန်းတောကြီးပတ်လည်ဝိုင်းနေသော
အောင်လံ ရွှေပန်းတောကားလမ်းဆုံးကာနီး နှစ်မိုင်မျှအလိုတွင်ဆင်းကာ တစ်မိုင်ခွဲခန့်လမ်းလျှောက်မှ ရွာဝင်တံခါးသို့ရောက်သည်။ ရွှေပန်းတောကားလမ်းကလည်း ကားလမ်းဟုသာဆိုရသော်လည်း သစ်ထုတ်ရေးက ကားများဒါဏ်ကြောင့် တစ်တောင်ကျော်နက်သော ဘီးရာကြီးနှစ်ခုသာရှိသည်။ လှည်းပင်မလွတ်ချင်လှ။ အညာလမ်းကြမ်းထဲမှာ တံတားမဲ့ သဲချောင်းကြီး သုံးချောင်းက ကန့်လန့်ဖြတ် ခံနေသေးသည်။ အင်္ဂလိပ်က လမ်းဖေါက်တော့ တံတားပါဆောက်ပေးခဲ့ပါသည်။ သို့သော် ပြည်တွင်းသူပုန်ခေတ်မှာ ဗကပတွေ မိုင်းခွဲလို့ တစ်စင်းမျှ မကျန်တော့။ ထို ဗကပတွေကိုလည်း ဘယ်သူမှ မကောင်းမပြောကြ။ သူတို့အမျိုးတွေမို့ ဖြစ်သည်။ တစ်နယ်လုံး ဗကပအမာခံရွာတွေမို့ မဆလကလည်း လှည့်မကြည့်ခဲ့။ နဝတ၊နအဖမှသည် ယခု အစိုးရခေတ်အထိ ပစ်ထားကြသည်မို့ ၁၉ရာစုကအတိုင်း နေထိုင်သွားလာ လုပ်ကိုင်စားသောက်နေကြရလေသည်။
ဗကကခေတ်ကပင် ယခုခေတ်ထက် ပိုမိုချောင်လည်ကြောင်း ပြောပြကြသည်။ ထိုအချိန်က တစ်နယ်လုံး ဖိန့်ဖိန့်တုန် ကြောက်ရသည့် ဗကပဗိုလ်ချုပ်လေးအောင်က သည်ရွာသားပင်။ အမေ့အမေရဲ့မောင်တော်သည်။ သည်တော့ အမေတို့ကိုလည်း မည်သူမျှမတို့မထိရဲခဲ့ကြ။ တချိန်က ဗကပဗိုလ်ချုပ်ရဲ့သြဇာကလည်း ဒီခေတ်အဘတွေနီးနီး တန်ခိုးထွားခဲ့ဟန်တူသည်။
သည်ဗကပဗိုလ်ချုပ်၏တူတော်မောင်က မြ်ု့ကျောင်းသွားနေရင်း အစိုးရတပ်ထဲဝင်ကာ ဗိုလ်ကြီးဖြစ်ခဲ့လေသည်။ ဒါကိုသိတော့ ဗကပဗိုလ်ချုပ် ဆွေ့ဆွေ့ခုန်စိတ်ဆိုးတော့သည်။ သူ့တူကို အစိုးရတပ်မှထွက်ခါ သူတို့ဗကပတပ်ထဲဝင်လျှင် ဗိုလ်မှုးရာထူးပေးမည်ဟု ကမ်းလှမ်းသည်။ သူ့အမကို ဖိအားပေးသည်။ဗကပနယ်တွင်နေသော်လည
ထိုဗကပဗိုလ်ချုပ်၏ အနွယ်များနေထိုင်ရာရွာလေးကား နှစ်များစွာတိုင်အောင် မပြောင်းလည်းသေးပဲ ယခင်အတိုင်းပင် တည်ရှိနေသေးသည်။ ထိုရွာမှ ဗကပဗိုလ်ချုပ်ထွက်ပေါ်ခဲ့သလို အစိုးရတပ်မှ ဗိုလ်မှူးကြီးလည်းထွက်ခဲ့သည်။ ပြည်နယ်အင်ဂျင်နီယာလည်း ထွက်ခဲ့သည်။ သာသနာတွင်လည်း ရွှေကျင်ဂိုဏ်း၏ ဒုတိယ သာသနာပိုင် ပြည်မြို့ ဗာရာဏသီကျောင်းဆရာတော်နှင့် ပြင်ဦးလွင်မြို့ ညံတောရပ် မဟာဝိသုဓ္ဓာ
ရုံကျောင်းဆရာတော်ဟူပြီး ရွှေကျင်သာသနာတွင် နေလိုလလို ထင်ရှားခဲ့သော ညီနောင်နှစ်ပါးကလည်း ဒီရွာမှပင်ဖြစ်သည်။ ထိုသည်ကား အမေတို့ရွာပင်။
(နောက်မှ ဆက်ရေးပါဦးမည်။)
No comments:
Post a Comment