အမေတို့ ရွာသားများကား ခေတ်အဆက်ဆက် ဖြတ်သန်းရင်း ဘဝကို ရုန်းကန်နေကြရှာသည်။ သူတို့ ဒေသထွက်ကုန်လေးများဖြစ်သော ဆန်စပါး၊မြေပဲ၊နှမ်း၊ဝါ လေးများကို အနီးဆုံးမြို့ ဖြစ်သော အောင်လံသို့  သွားသွင်းကြသည်။ မြို့ ပေါ်က လိုအပ်သည်များဝယ်သည်။ တစ်မိုးလုံး နွားနှင့်ရုံးကာ ထွက်ရှိလာသော လယ်ယာထွက်ကုန်လေးများသာ သူတို့ အတွက် အသက်သွေးကြောဖြစ်သဖြင့် မိုးရေမမှန်သောရာသီများတွင် ဝမ်းစာပင် မရရှာကြ။ သို့ သော်လည်း အမတော်ကြေးယူထားပြီးပြိမို့  အစိုးရကို တာဝန်ကျေသွင်းရန်ရှိသည်။ မသွင်းနိုင်တော့ အဖမ်းခံရလေသည်။အချုပ်ထဲမှာနှစ်ပ
အင်္ဂလိပ်ခေတ်ကရော ဂျပန်ခေတ်ကပါ နိုင်ငံခြားသား အင်္ဂလိပ် ဂျပန်များ သူတို့ ရွာသို့  တစ်ဦးမျှမရောက်လာခဲ့ဖူး။ ထို့ ကြောင့် ဂျပန်ခေတ်ဆိုတာ ကြားဖူးတာပဲရှိတာဟု အမေပြောဖူးသည်။ သူတို့ ရွာသားတွေအများစုကကလည်း အောင်လံကလွဲလို့  အဝေးမြို့ များသို့  ရောက်ဖူးသူနည်းသည်။ အသွားအလာနည်းတော့ ဗဟုသုတလည်း နည်းသည်။ ဂျပန်ခေတ်က စစ်လေယဉ်တွေ ပျံလာတာကိုတွေ့ တော့ လေယဉ်မှန်းမသိရှာလို့  ဘုရားဓါတ်တော်တွေ ဝေဟင်ကကြွလာတယ်ထင်ပြီး လယ်လုပ်တာရပ်ကာ ထိုင်ရှိခိုးခဲ့ဖူးတယ်လို့  အမေကြီး(အဖွား)က ပြောပြခဲ့ဖူးသည်။
ရိုးသားကြသူများမို့  လိမ်ဖို့ ကိုလည်း ကြောက်ကြသည်။ တစ်ခါက အမေတို့ ရွာသားအချို့  ရန်ကုန်သို့  ဘုရားဖူးထွက်ကြသည်။မသွားခင်လည်း
အမေတို့ ရွာနားတွင်ရှိသော ရွှေပန်းတောရွာမှာ ငါးရက်တစ်ဈေးရှိသည်။ ထိုဈေးလေးမှာ အနည်းအပါး လိုအပ်သည်များသွားဝယ်ကြသည်။ ဒီဈေးလေးမှာ အသားစိုလေးများအနည်းအပါးကို တတ်နိုင်သူများဝယ်စားကြသည်။ အများစုကတော့ အသားစိုဆိုတာ အလှူကြီးရှိမှ စားရတာဖြစ်၏။ ငါးခြောက်ဖုတ်နှင့် ပဲဟင်းသည်သာ သူတို့ တွေရဲ့  နေ့ တိုင်းစားစရာ။ ဘာဟင်းချက်လဲ မေးစရာမလို။
ထိုကဲ့သို့ မဝေးကွာလှသော်လည်း သွားလာရေးခက်လှသော အမေတို့ ရွာသို့  အိမ်မက်တစ်ခုသဖွယ် ရောက်ရှိခဲ့ဖူးလေသည်။
(ဆက်ပါဦးမည်။)
No comments:
Post a Comment