ဘာတဲ့။ ပြည်ခိုင်ဖြိုး ဥက္ကဌလဲတာ ဒီမိုကရေစီနဲ့ မညီဘူးတဲ့။
ကြည့်လဲပြောကြပါ ဆရာတို့ရယ်။ အဲဒီ ပြည်ခိုင်ဖြိုးဆိုတာ ဘောင်းဘီချွတ်တွေ ဦးစီးတာ။ ပါတီနိုင်ငံရေးမလုပ်ဘူး၊ အမျိုးသားနိုင်ငံရေးလုပ်မယ် ဆိုပြီး တပ်က ဗိုလ်ချုပ်တွေ ဦးစီးဖွဲ့ထားတာ။ နောက်မှ အာဏာအတွက် ရူးချင်ရာဆောင်ပြီး ခပ်တည်တည်နဲ့ ပါတီပြောင်းလိုက်ကြတာ မဟုတ်ဘူးလား။ တပ်က ပြောင်းလာတဲ့ ဘောင်းဘီချွတ်တွေမို့ ဒီမိုကရေစီ ရှိပ့ါမလား။ တပ်ဆိုတာ အမိန့်နာခံတတ်ဖို့ပဲ သင်ပေးတာ။ အခုလည်း အထက်က အမိန့်ပေးတာ နာခံပြီး ပြောင်းလိုက်တယ်။ ဒါပဲ။
ဦးရွှေမန်း ဥက္ကဌနေရာက ပြုတ်တာနဲ့ ဒီမိုကရေစီနဲ့ ဘာဆိုင်လို့လဲ။ စစ်တပ်နဲ့
ကြံ့ခိုင်ရေးဆိုတာ အဖေနဲ့သား။ အစကလည်း ညီညွတ်တယ်။ အခုလည်း ညီညွတ်တယ်။
အာဏာကို ခဏခဏ မသိမ်းချင်လို့ လွှတ်တော်ထဲမှာ စောစောစီးစီး လေးပုံတပုံကြိုထိုင်ပြီး သိမ်းထားတာ။ အဲဒါ ၂၀၀၈ သဘောတူညီချက်။ ကြိုက်ရင်လာခဲ့။ မကြိုက်ရင် မလာနဲ့။ အဲဒါဟာ လွှတ်တော်ရဲ့ အဖြေ။
ဒီမိုကရေစီလား။ အခုမရသေးဘူး။ ရဖို့ ကြိုးစားနေကြတယ်။
အရင်ထက်စာရင် ပွင့်လင်းလာတယ်။ လွတိလပ်လာတယ်။ ပြောလို့ရတယ်။ ရေးလို့ရတယ်။ အဲဒါ ကြံ့ခိုင်ရေးအစိုးရက လုပ်ပေးထားတာ။ သူတို့ကို ခရက်ဒစ်ပေးရမယ်။
အဲဒါကလွဲရင် ဘာဒီမိုကရေစီမှ မရသေးဘူး။

No comments:
Post a Comment