ပျံဝံနဲ့  အင်တာဗျူးး
ဘယ်လို ပြောရမလည်းပေါ့နော်။ ဥက္ကဌနဲ့အထွေထွေအတွင်းရေးမှူးကို ညတွင်းချင်းဖြုတ်တာ ပါတီတွင်းအာဏာသိမ်းတာတော့ မဟုတ်ဘူးပေါ့နော်။
သမ္မတကြီးက စိတ်ဆိုးနေတာလည်း မဟုတ်ဘူးပေါ့နော်။ သူလည်း ညက မလာပါဘူးပေါ့နော်။ စာဖတ်နေသူကြီးနဲ့လည်း မဆိုင်ပါဘူးပေါ့နော်။
သူရဦးအောင်ကိုကြီးလည်း ဗဟိုကော်မတီထဲမှာ မပါတော့ဘူးပေါ့နော်။ အဲဒါတွေဟာ ကောင်မလေးနဲ့ရင်းနှီးကြလို့ ဖြုတ်ပစ်တာလည်း မဟုတ်ဘူးပေါ့နော်။
ပါတီစည်းရုံးရေးအတွက်ပါတီညီလာခံကို
လူမစုံပဲ ညသန်းခေါင်ကြီး ရဲဝိုင်းပြီး လုပ်ရတာလည်း အရေးပေါ်လို့ပေါ့နော်။
တခြားနိုင်ငံတွေမှာလည်း ရဲဆိုတာ လုံခြုံရေးတောင်းရင် ဒီလိုပဲ
သွားရတာပဲပေါ့နော်။
ပါတီဥက္ကဌက ဦးရွှေမန်းမဟုတ်ဘူးပေါ့နော်။
သမ္မတကြီးက ပါတီဥက္ကဌပါပဲပေါ့နော်။ အခြေအနေအရ ပါတီတာဝန် မထမ်းဆောင်နိုင်လို့
ဦးရွှေမန်းကို ခဏတာဝန်ပေးတာပေါ့နော်။ ဒါကို သူက ပါတီတွင်းမှာ
ဂိုဏ်းတွေဖြစ်အောင်လုပ်လာလို့ သမ္မတကြီးက လူစားထိုးရတာပါပေါ့နော်။
ဟုတ်ကဲ့ပါပေါ့နော်။ အသစ်တက်မဲ့ပါတီဗဟိုစာရင်းကတော့ စာရွက်ထဲကအတိုင်းပါပေါ့နော်။
ကာလုံလည်းမခေါ်ပါဘူးပေါ့နော်။ ရာသီဥတုကတော့ တိမ်အသင့်အတင့်ရှိပေမဲ့ သာသာယာယာပဲ ရှိနေပါတယ်ပေါ့နော်။
ကျွန်တော်က အဲဒီပါတီက မဟုတ်လို့ သိပ်မသိပါဘူးပေါ့နော်။ သာမန်ပြည်သူအနေနဲ့လောက်ပဲ သိတာပါပေါ့နော်။
( ပျံဝံအသစ် အူးရဲပေ၏ သတင်းဌာနများကို ဖြေကြားချက်)

No comments:
Post a Comment