ဘူးလက်ကြီးက
တပ်အားကိုးနဲ့ ၂၆% ရရင် အစိုးရဖွဲ့နိုင်တယ်တို့ ဇေကမ္ဘာသူဌေးကြီးက
ငွေတွေပေးပြီး မဲဆွယ်နေတယ်တို့ ကြားရတော့ အမေပြောဖူးတာလေး အမှတ်ရတယ်။
ခုနှစ်က ၁၉၆၀။ အိမ်စောင့်အစိုးရနာမည်နဲ့ တပ်က အာဏာရယူထားတဲ့အချိန်မှာလုပ် ပေးတဲ့
အထွေထွေရွေးကောက်ပွဲ။ အဲဒီအချိန် ဖဆပလကြီးက တည်မြဲနဲ့
သန့်ရှင်းဆိုပြီးကွဲကြတယ်။ ဦးနုက သန့်ရှင်း၊ ဦးဗဆွေ ဦးကျော်ငြိမ်းက
တည်မြဲ။
အဲဒီအကွဲမှာ တပ်က တည်မြဲဖက်မှာ ရပ်ခဲ့တယ်။ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းက တပ်ကို ကြားနေရမယ်လို့ တရားဝင် ပြောထားပေမဲ့ တည်မြဲနိုင်ဖို့ တပ်မှူးကြီးတွေ ကြိုးပမ်းနေတာကို မတားခဲ့ဘူး။ တည်မြဲခေါင်းဆောင်တွေက သူ့ဆရာတွေ ဖြစ်နေတာကိုး။ သူကိုယ်တိုင်ကလည်း ဆိုရှယ်လစ်။ ဒါကြောင့် ဆိုရှယ်လစ်ခေါင်းဆောင်တွေ နိုင်ဖို့ တပ်က အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။
အဲဒီတုန်းက အမေတို့ နေတဲ့ တောင်ငူမှာ တပ်မဟာ တခုရှိတယ်။ ( အမှတ်မမှားရင် တပ်မဟာ၃ လို့ ထင်ပါတယ်။) တပ်မဟာမှူးက ဗိုလ်မှူးကြီးစိန်ဝင်း (နောင် နိုင်ငံတော်ဝန်ကြီးချုပ်) ။ယခု အထက၅ နေရာမှာ တပ်စွဲတယ်။ အဲဒီတပ်မှာ တပ်ခွဲမှူးတွေက အမေပြောပြသလောက် ဗိုလ်ကြီးစောမောင် (နောင် ဗိုလ်ချုပ်မှူးကြီး ) နဲ့ ဗိုလ်ကြီးစံသိမ်း ( အမေ့အကိုကြီး) တို့ရှိကြတယ်။ အမေတို့က တပ်မိသားစုတွေ ဆိုပါတော့။
တပ်က တိုင်းမှူးတွေ ကိုယ်တိုင်ဦးစီးပြီး တည်မြဲနိုင်ရေး ဟောပြောပွဲတွေလုပ်ခိုင်း၊ သရုပ်ပြပွဲတွေလုပ်ခိုင်းနဲ့ အတော်ပွဲတွေ တက်ခဲ့ရသတဲ့။ တည်မြဲရဲ့ အရောင်က အနီရောင်။ ရဲရင့်တဲ့အရောင် ဘာညာမှတ်ထားရသပေါ့။
မဲပေးမဲ့နေ့ရောက်တော့ တပ်မိသားစုတွေကို တပ်ကကားနဲ့ မဲရုံအရောက် လိုက်ပို့တယ်။ ထမင်းထုတ်ဝေတယ်။ ပိုက်ဆံ ငါးကျပ်ပေးတယ်။ (အဲဒီခေတ်က ငွေငါးကျပ်ဆိုတာ ဒီခေတ်ငွေနဲ့ သောင်းချီတန်မယ်။) ပုဝါစ အနီရောင်လေးတောင် ပေးသေးဆိုပဲ။ အနီရောင်ပုံးထဲ ထည့်ဖို့ မေ့နေမှာစိုးလို့ပေါ့။
အမေတို့က ပေးတာယူ၊ ကျွေးတာစားပြီး မဲရုံထဲရောက်တော့ သန့်ရှင်းဖဆပလရဲ့ အဝါပုံးထဲပဲ ထည့်ခဲ့ကြပါသတဲ့။ ဘာလို့လည်းလို့ အမေ့ကို မေးတော့ ဦးနုကိုယုံလို့ပါတဲ့လေ။ (အဲဒီခေတ်က မဲပြားကို ကိုယ်ထောက်ခံတဲ့ မဲပုံးထဲ ထည့်ရတဲ့ခေတ်။)
ရွေးကောက်ပွဲပြီးတော့ ရတဲ့အဖြေ မေးရန်မလို။ တပ်က ထောက်ခံတဲ့တည်မြဲ ဖဆပလကြီး ခွက်ခွက်လန်ရှုံးတယ်။ ပြည်သူထောက်ခံတဲ့ သန့်ရှင်းဖဆပလက အပြတ်နိုင်တယ်။
တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းလည်း ရှက်ရှက်နဲ့ တပ်မှူးကြီးအများစုကို ဖြုတ်ပြစ်ပါတယ်။ အကြောင်းပြချက်ကတော့ တပ်မှူးတွေ ဘက်လိုက်လို့ပေါ့။ တကယ်ကတော့ တည်မြဲကို နိုင်အောင် မလုပ်ပေးနိုင်ခဲ့လို့။
အခုလည်း ရွေးကောက်ပွဲပြီးရင် ကျွေးတားစား ပေးတာယူပြီး ယုံတဲ့သူကိုပဲ မဲပေးခဲ့တဲ့လူထုကြောင့် တပ်ရော ကြံ့ခိုင်ရေးပါ ငွေကုန်လူပန်းနဲ့ အကြီးအကျယ် အထိနာမဲ့အရေး ပြေးမြင်နေမိပါကြောင်း။
ခုနှစ်က ၁၉၆၀။ အိမ်စောင့်အစိုးရနာမည်နဲ့ တပ်က အာဏာရယူထားတဲ့အချိန်မှာလုပ်
အဲဒီအကွဲမှာ တပ်က တည်မြဲဖက်မှာ ရပ်ခဲ့တယ်။ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းက တပ်ကို ကြားနေရမယ်လို့ တရားဝင် ပြောထားပေမဲ့ တည်မြဲနိုင်ဖို့ တပ်မှူးကြီးတွေ ကြိုးပမ်းနေတာကို မတားခဲ့ဘူး။ တည်မြဲခေါင်းဆောင်တွေက သူ့ဆရာတွေ ဖြစ်နေတာကိုး။ သူကိုယ်တိုင်ကလည်း ဆိုရှယ်လစ်။ ဒါကြောင့် ဆိုရှယ်လစ်ခေါင်းဆောင်တွေ နိုင်ဖို့ တပ်က အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။
အဲဒီတုန်းက အမေတို့ နေတဲ့ တောင်ငူမှာ တပ်မဟာ တခုရှိတယ်။ ( အမှတ်မမှားရင် တပ်မဟာ၃ လို့ ထင်ပါတယ်။) တပ်မဟာမှူးက ဗိုလ်မှူးကြီးစိန်ဝင်း (နောင် နိုင်ငံတော်ဝန်ကြီးချုပ်) ။ယခု အထက၅ နေရာမှာ တပ်စွဲတယ်။ အဲဒီတပ်မှာ တပ်ခွဲမှူးတွေက အမေပြောပြသလောက် ဗိုလ်ကြီးစောမောင် (နောင် ဗိုလ်ချုပ်မှူးကြီး ) နဲ့ ဗိုလ်ကြီးစံသိမ်း ( အမေ့အကိုကြီး) တို့ရှိကြတယ်။ အမေတို့က တပ်မိသားစုတွေ ဆိုပါတော့။
တပ်က တိုင်းမှူးတွေ ကိုယ်တိုင်ဦးစီးပြီး တည်မြဲနိုင်ရေး ဟောပြောပွဲတွေလုပ်ခိုင်း၊ သရုပ်ပြပွဲတွေလုပ်ခိုင်းနဲ့
မဲပေးမဲ့နေ့ရောက်တော့ တပ်မိသားစုတွေကို တပ်ကကားနဲ့ မဲရုံအရောက် လိုက်ပို့တယ်။ ထမင်းထုတ်ဝေတယ်။ ပိုက်ဆံ ငါးကျပ်ပေးတယ်။ (အဲဒီခေတ်က ငွေငါးကျပ်ဆိုတာ ဒီခေတ်ငွေနဲ့ သောင်းချီတန်မယ်။) ပုဝါစ အနီရောင်လေးတောင် ပေးသေးဆိုပဲ။ အနီရောင်ပုံးထဲ ထည့်ဖို့ မေ့နေမှာစိုးလို့ပေါ့။
အမေတို့က ပေးတာယူ၊ ကျွေးတာစားပြီး မဲရုံထဲရောက်တော့ သန့်ရှင်းဖဆပလရဲ့ အဝါပုံးထဲပဲ ထည့်ခဲ့ကြပါသတဲ့။ ဘာလို့လည်းလို့ အမေ့ကို မေးတော့ ဦးနုကိုယုံလို့ပါတဲ့လေ။ (အဲဒီခေတ်က မဲပြားကို ကိုယ်ထောက်ခံတဲ့ မဲပုံးထဲ ထည့်ရတဲ့ခေတ်။)
ရွေးကောက်ပွဲပြီးတော့ ရတဲ့အဖြေ မေးရန်မလို။ တပ်က ထောက်ခံတဲ့တည်မြဲ ဖဆပလကြီး ခွက်ခွက်လန်ရှုံးတယ်။ ပြည်သူထောက်ခံတဲ့ သန့်ရှင်းဖဆပလက အပြတ်နိုင်တယ်။
တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းလည်း ရှက်ရှက်နဲ့ တပ်မှူးကြီးအများစုကို ဖြုတ်ပြစ်ပါတယ်။ အကြောင်းပြချက်ကတော့ တပ်မှူးတွေ ဘက်လိုက်လို့ပေါ့။ တကယ်ကတော့ တည်မြဲကို နိုင်အောင် မလုပ်ပေးနိုင်ခဲ့လို့။
အခုလည်း ရွေးကောက်ပွဲပြီးရင် ကျွေးတားစား ပေးတာယူပြီး ယုံတဲ့သူကိုပဲ မဲပေးခဲ့တဲ့လူထုကြောင့် တပ်ရော ကြံ့ခိုင်ရေးပါ ငွေကုန်လူပန်းနဲ့ အကြီးအကျယ် အထိနာမဲ့အရေး ပြေးမြင်နေမိပါကြောင်း။

No comments:
Post a Comment