ဒီစာသင်ခန်းလေးရဲ့ နာမည်က ပညာဒါန repeater သီးသန့်စာသင်ခန်းပါတဲ့။ တောင်ငူမြို့ ငွေလှံရပ်မှာရပ်မှာရှိတဲ့ ချမ်းသာကြီးဘုရားတန်ဆောင်းထ
ပညာဒါနစာသင်ခန်းတွေ ရှိပေမဲ့ လောလောဆယ်ကျောင်းတက်နေတဲ့ ကလေးတွေအတွက်ပဲ ရှိတယ်။ repeaters ကလေးတွေ စာမေးပွဲထပ်ကျတော့ အပြင်ရောက်၊ ကျောင်းမတက်ရတော့ စိတ်တွေလေနဲ့ ပေါက်ကရဖြစ်ကုန်တာ မြင်တွေ့ရလို့ ဒီစာသင်ခန်းလေး လုပ်ဖြစ်တာလို့ စာသင်ခန်းကို ဦးစီးနေတဲ့ ဦးဇင်းရန်ကုန်က ပြောပြတယ်။ ရန်ကုနိသားကိုရင်မို့ ကိုရင်ရန်ကုန်လို့ ခေါ်ကြရာက ဦးဇင်းရန်ကုန် ဖြစ်သွားပါသတဲ့။ သူ့ရဲ့ဦးဆောင်မှုနဲ့ လုပ်အားပေးဆရာတွေစုပေါင်းပြ
စပြီးသင်တဲ့နှစ်တွေကတော့ ဒုက္ခပေါင်းစုံပေါ့။ သင်စရာနေရာမရှိတော့ ငွေလှံသင်္ချိုင်းထဲက ဇရပ်ပေါ်မှာ စ ခဲ့ရတယ်။ ကျောင်းသားသုံးဆယ်လောက်ပဲ ရှိတယ်။ ကျောင်းသားတွေက ခင်းထိုင်ဖို့ ဂုံနီအိပ်တွေ သယ်လာကြတယ်။ မသာချတဲ့နေ့ဆို စာသင်ဝိုင်းပျက်ပဲ။ ဇရပ်ကလည်း မိုးတွေယိုတော့ မိုးတွင်းဆို စိုရွှဲပေါ့။ လို့ ဦးဇင်းရန်ကုန်က ပြောပြပါတယ်။
ဘွဲ့ရပညာတတ် ဦးဇင်းရန်ကုန်က လုပ်အားပေးဆရာတွေ မအားလို့ မလာနိုင်ရင် ဝင်သင်ပေးပါတယ်။ ဒီလိုနဲ့ နှစ်ကုန်တော့ ကျောင်းသားတဝက်ကျော် အောင်ကြတယ်။ ဒီတွေလည်း ထွက်ကြတယ်။ နောက်နှစ်တွေမှာ တဆင့်စကား တဆင့်နားနဲ့ ကျောင်းသားတွေများလာတော့ သင်္ချိုင်းဇရပ်မှာ မဆန့်တော့ဘူး။ ဒါနဲ့ပဲ ရွှေနှင်းဆီ ဒေါ်အုန်းခင်ကြီးဆီမှာ ခွင့်တောင်းပြီး သူလှူထားတဲ့ ဘုရားဇရပ်ထဲ ပြောင်းလာခဲ့ကြတာပါ လို့သိရတယ်။
ခုတော့ ကျောင်းသားကျောင်းသူ နှစ်ရာကျော် ရှိနေလို့ ဘုရားတန်ဆောင်းကြီးလည်း အပြည့်ဖြစ်နေပါပြီ။ ဒိထက်များလာရင် ဘယ်ပြောင်းရမယ်တောင်မသိတော့
တနင်္လာကနေ သောကြာအထိ ကျောင်းတက်ချိန်အတိုင်း ဖွင့်တဲ့ စာသင်ခန်းတခုကို ဦးစီးထားရတဲ့ ဦးဇင်းကလည်း ခပ်ပိန်ပိန်လေး။ သူ့ရှေ့က စားပွဲပေါ်မှာတော့ ဓါတ်ဘူးတလုံး၊ ကော်ဖီမစ်ထုတ်အနည်းငယ်၊ ချိုချဉ်သကြားလုံးလေး နည်းနည်း၊ ပြီးတော့ ပါရာစီတမော ကပ်လေးနှစ်ခု တွေ့တယ်။
ကော်ဖီမစ်က လုပ်အားပေးဆရာတွေ ဆာရင် သောက်ရအောင် ထားတာ။ သကြားလုံးက ကလေးတွေအတွက်၊ ပါရာစီတမော ကတော့ နေမကောင်းတဲ့သူအတွက်ပေါ့တဲ့
ဦးဇင်းတို့က ဆရာတွေကို ခုမှ ကော်ဖီမစ်တိုက်နိုင်တာ။ အစကတော့ ရေတောင်အနိုင်နိုင် လို့ ဦးဇင်းက ရယ်ပြီး ပြောပြတယ်။ ဘုရားတန်ဆောင်းထဲရောက်မှ စာသင်ခုံတွေ တဖြည်းဖြည်းအလှူခံပြီး ထည့်ခဲ့တာပါတဲ့။ ခုတော့ စာသင်ခုံအပြည့် ကျောင်းသားအပြည့် ပါပဲ။
မနှစ်က သုံးဘာသာဂုဏ်ထူးရှင်တွေအပါအ
ဆရာစံဝေ ( ကျွန်တော့ညီ ) နဲ့ သူ့မိန်းမ ဆရာမသဇင်တို့က သိပ် စာသင်ကောင်းတာ။ သူတို့တွေ ရန်ကုန်ပြောင်းတော့ ဦးဇင်းမှာ လက်မောင်းပြုတ်သလိုပဲတဲ့။ ကျွန်တော့ ညီတော်မောင်လင်မယားက ကိုယ်ပိုင်စာသင်ဝိုင်း ထောင်ထားရာက စာသင်ဝိုင်းဖြုတ်ပြီး ဦးဇင်းရဲ့ ပညာဒါနမှာ အချိန်ပြည့် ကူညီခဲ့ကြတာပါ။ အခုတော့ သူတို့လည်း လုပ်ငန်းအခြေအနေအရ ရန်ကုန်ပြောင်းရပါတယ်။ ဒီစာသင်ခန်းလေးကိုလည်း သူခေါ်လာလို့ ရောက်ခဲ့ရတာပါ။
ဘုရားတန်ဆောင်းထဲမှာမို့ ဖိနပ်မစီးရတော့ တန်ဆောင်းခြေရင်းမှာ ဖိနပ်လေးတွေ ညီညီညာညာ စီတန်းချွတ်ထားကြတာ တွေ့ခဲ့တယ်။ စက်ဘီးလေးတွေလည်း ညီညီညာရပ်လို့။ အများစုက ခြေလျှင်တက်ကြသူတွေ။ ကျောင်းသားအများစုက ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားကြသူတွေ။ ဆင်းရဲတော့ ကျူရှင်မတက်နိုင်ခဲ့ကြ။ နှစ်ခါကျတော့ ကျောင်းထွက်ရ။ အပြင်ရောက်ပြီး လမ်းစပျောက်နေရာက ဦးဇင်းနဲ့ လုပ်အားပေးဆရာတွေ ကျေးဇူးကြောင့် အထက်တန်းစာမေးပွဲဆိုတဲ့ တောင်ကြီးကို ကျော်နိုင်ခဲ့ကြတာပါ။ ဒါကြောင့် ဦးဇင်းနဲ့ဆရာတွေကို ကျေးဇူးတင်ကြတယ်။ သူတို့တွေ အလုပ်ရတဲ့အခါ စာသင်ခန်းလေးရဲ့ လိုအပ်ချက် ဖြစ်တဲ့ စာရွက်တွေ ဝယ်လှူကြပါတယ်။
စာသင်ခန်းက စာတွေကို ဘာသာအလိုက် စာအုပ်လေးတွေချုပ်ပြီး ဝေတာမို့ A4 side တို့ အပြည့်ဆိုက်တို့ စာရွက်ပုံးတွေ အများကြီးလိုတယ်၊ အခုဆို အေဖိုးတောင် တပုံးကို နှစ်သောင်းကျော်နေပြီ။ ပုံနှိပ်ခကတော့ အကြွေးပေါ့။ အလှူခံပြီးရမှ ပြန်ပေးတယ်။ ဦးဇင်းအလှူခံရသမျှကတော့ ဒီစာရွက်ဖိုးတွေ ပုံနှိပ်ခတွေနဲ့ ကုန်တာပါပဲ။ အကြွေးတွေလည်း ပုံလို့ပဲ တဲ့။ အထောက်အပံ့ နည်းရှာတဲ့ စေတနာစာသင်ခန်းလေးကို ကျွန်တော်လည်း တတ်နိုင်သရွှေ့ အလှူငွေ ထည့်ခဲ့ပါတယ်။
ကျွန်တော့ မိတ်ဆွေတွေလည်း စိတ်ဝင်စားလို့ လှူချင်တယ်ဆိုရင် တောင်ငူမြို့ ငွေလှံရပ် ချမ်းသာကြီးဘုရား တန်ဆောင်းထဲမှာ ရှိတဲ့ ပညာဒါန repeater သီးသန့် စာသင်ခန်းလေးမှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုရင်း လှူဒါန်းနိုင်ကြပါတယ်ဆိုတဲ့အ

No comments:
Post a Comment