အဲဒီနိုင်ငံက ပြည်သူတွေက ထုံးစံအတိုင်း အင်တိုက်အားတိုက် လှူကြပါရဲ့။ နို့ ပေမဲ့ ပြည်သူတွေက တတ်နိုင်သမျှလေး လုပ်၇တာမို့  အရာမရောက်။ အစိုးရမင်းများကလည်း ကြိုတင် ပြင်ဆင်မှု မရှိတော့ နေရာနည်းနည်းမှာပဲ ကူနိုင်ပါသတဲ့။
အဲဒီနိုင်ငံက ဆင်းရဲပေမဲ့ တပ်ကြီးကတော့ ဟီးထနေတာပါပံတဲ့။ ဒါကြောင့် ဘီဘီကွီ သတင်းထောက် မောင်ပေါက်ကျိုင်းဆိုသူက ဂိနနိုင်ငံသမတကြီး ဂိုင်စီပြောင်ဆိုသူကို ရေကြီးလို့  အဆက်အသွယ်ပြတ်နေတဲ့ နေရာတွေဆီ တပ်မတော်လေရဲ့ လေယဉ်တွေနဲ့  ရိက္ခာတွေ မချပေးတာ ဘာကြောင့်လဲလို့  မေးပါသတဲ့။
သမတကြီး ဂိုင်စီပြောင်ရဲ့  အဖြေကတော့ "စစ်ရေးအမြင်ရှိလို့ ပါ " တဲ့။ "
လေတပ်ဆိုတာ တိုင်းရင်းသားသူပုန်တွေကို အချိန်မရွေး ဗုန်းကျဲနိုင်အောင်
အဆင်သင့် ပြင်ထားရပါတယ်။ ရေကြီးတာကို အခွင့်ကောင်းယူပြီး တိုက်လာရင်
ဗုန်းစာကျွေးဖို့  အသင့်ပြင်ထားရလို့ ပါ။ ပြည်သူတွေအတွက် မသုံးနိုင်သေးတာ
နားလည်ပေးသင့်ပါတယ်။ ရေကြီးလို့ ပြည်သူတွေ သေတော့လည်း ဆင်းရဲသားပပျောက်ရေုး
လုပ်ရတာ သက်သာတာပေါ့ " တဲ့။
စစ်ရေးအမြင်ရှိမှ သမတလုပ်ရမယ်ဆိုတာ အဲဒါကြောင့်ပြောတာနေမှာ။
စစ်ရေးအမြင်ရှိမှ သမတလုပ်ရမယ်ဆိုတာ အဲဒါကြောင့်ပြောတာနေမှာ။
No comments:
Post a Comment