ဘက်စုံထူးချွန်ပါသော
ဒေါ်စိန်အေးကျောင်းဆင်းများ ကျန်းမာရေးဦးစီးသို့ ပြောင်းရွှေ့လာသဖြင့်
ဆရာဝန်များ ဒေါပွနေကြလေ၏။ အနှီ ယူနီဖေါင်းဝတ်များကား ခေတ်အဆက်ဆက်
ဘောင်းဘီချွတ်ကာ လာသည်မှကွယ် ဇာတ်ကားများစွာ ရိုက်ကူး သရုပ်ဆောင်ခဲ့သည်မှာ
အဆန်းမဟုတ်ခဲ့သော်လည်း အခုလို ဒီမိုကရေစီခေတ်ပါဟူ၍ ကုန်းပြီးအော်နေသော
ခေတ်ကာလအထိ အသွင်ပြောင်း ကားများ ရိုက်မဆုံး ဖြစ်နေသည်ကတော့ အမြင်မတော်
ဆင်တော်နှင့် ခလောက် ဖြစ်လှချေသည်။
အနှီ ကိုယ်တော်များကား ဘယ်ခေတ်ရောက်ရောက် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကြ၏။ ညွှန်ကြားရေးမှုးများအဖြစ် မိုးပေါ်က ကြလာကြ၏။ ဌာနဆိုင်ရာများစွာတို့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ကြသည့် အရပ်ဖက်ဝန်ထမ်းများကား ထိုသူတို့၏ ညွှန်ကြားချက်မှန်သမျှကို ပြားပြားဝတ် နာခံရ၏။ မနာခံသူကား မျက်မာန်တော်ထိကာ ဝေးရာသို့ လွင့်ကြရ၏။
အကုန်သိ အကုန်တတ်အောင် သင်ပေးတတ်သော နေရာမှရောက်လာသည့် ကိုတတ်ပများကား မြန်မာနိုင်ငံတဝှမ်းရှိ အရပ်ဘက် ဌာနဆိုင်ရာများစွာတွင် လက်ညှိုးထိုး၍ မလွဲ။ ထိပ်ပိုင်းဖြစ်သော နေရာဌာနများကား သူတို့အတွက် သီးသန့်ချန်ထားရမည့် နေရာများပင်။ အနူလက်နှင့် ရွှေခွက်နိုက်ခွင့်မရှိသည့်အ လားတူလှ၏။
ထိုဆရာပေါင်းစုံ၏ လုပ်ဆောင်ချက် ပီပြင်မှုများကား မေးစရာမလို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှား။ နိုင်ငံကား အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပြီ။
ယခု ၂၀၁၅ တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးကို
ကြီးကြပ်ကွပ်ကဲပေးမည့် ရွေး/ကော်၏ ဥက္ကဌကြီးမှစ၍ ကော်မရှင်
လူကြီးမင်းများစွာသည်လည်း အနှီ အသွင်ပြောင်းများပင် ဖြစ်လေရာ
ထိုသူတို့နှင့် ပလဲနှံပတ် မသင့်လှသော အတိုက်အခံပါတီကြီးအတွက် ဒိုင်က
အနီကပ်တွေ တန်းစီကိုင်ပြီး တသင်းလုံး အထုတ်ခံရမည့်ဘေးကိုပါ ရင်ဆိုင်
နေရသေး၏။
ကျန်းမာရေး ပညာရေး စက်မှု လက်မှု လယ်ယာ အလုပ်သမား လှူမှုဝန်ထမ်း ပို့ဆောင်ရေး ဘဏ္ဏာရေး ဘယ်မှာမှ မလွတ်အောင် တာဝန်ယူပြီး ဖြစ်ကြသော ထိုဆရာများသည်ကား အနာဂတ်နိုင်ငံတော်၏ ဒီမိုကရေစီဖေါ်ဆောင်ရေးတွင် အရေးပါသောနေရာအခန်းဂဏ္ဍ များစွာမှာ ဆက်လက် ပါဝင်ဆောင်ရွက်နေမည်မှာ အသေအချာပင်။
( Road Map မှာ နိုင်ငံတော်ရဲ့ အနာဂတ်ဦးဆောင်မှုတွင် တပ်မတော်အနေဖြင့် အရေးပါသော အခန်းဂဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရေး လို့ အတိအလင်း ရေးထားတာမို့ ဒီဇာတ်ညွှန်းအတိုင်း ရိုက်နေကြတာပါလို့သာ မှတ်ကြပါလော့။ )
အနှီ ကိုယ်တော်များကား ဘယ်ခေတ်ရောက်ရောက် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကြ၏။ ညွှန်ကြားရေးမှုးများအဖြစ် မိုးပေါ်က ကြလာကြ၏။ ဌာနဆိုင်ရာများစွာတို့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ကြသည့် အရပ်ဖက်ဝန်ထမ်းများကား ထိုသူတို့၏ ညွှန်ကြားချက်မှန်သမျှကို ပြားပြားဝတ် နာခံရ၏။ မနာခံသူကား မျက်မာန်တော်ထိကာ ဝေးရာသို့ လွင့်ကြရ၏။
အကုန်သိ အကုန်တတ်အောင် သင်ပေးတတ်သော နေရာမှရောက်လာသည့် ကိုတတ်ပများကား မြန်မာနိုင်ငံတဝှမ်းရှိ အရပ်ဘက် ဌာနဆိုင်ရာများစွာတွင် လက်ညှိုးထိုး၍ မလွဲ။ ထိပ်ပိုင်းဖြစ်သော နေရာဌာနများကား သူတို့အတွက် သီးသန့်ချန်ထားရမည့် နေရာများပင်။ အနူလက်နှင့် ရွှေခွက်နိုက်ခွင့်မရှိသည့်အ
ထိုဆရာပေါင်းစုံ၏ လုပ်ဆောင်ချက် ပီပြင်မှုများကား မေးစရာမလို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှား။ နိုင်ငံကား အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပြီ။
ယခု ၂၀၁၅ တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးကို
ကျန်းမာရေး ပညာရေး စက်မှု လက်မှု လယ်ယာ အလုပ်သမား လှူမှုဝန်ထမ်း ပို့ဆောင်ရေး ဘဏ္ဏာရေး ဘယ်မှာမှ မလွတ်အောင် တာဝန်ယူပြီး ဖြစ်ကြသော ထိုဆရာများသည်ကား အနာဂတ်နိုင်ငံတော်၏ ဒီမိုကရေစီဖေါ်ဆောင်ရေးတွင် အရေးပါသောနေရာအခန်းဂဏ္ဍ များစွာမှာ ဆက်လက် ပါဝင်ဆောင်ရွက်နေမည်မှာ အသေအချာပင်။
( Road Map မှာ နိုင်ငံတော်ရဲ့ အနာဂတ်ဦးဆောင်မှုတွင် တပ်မတော်အနေဖြင့် အရေးပါသော အခန်းဂဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရေး လို့ အတိအလင်း ရေးထားတာမို့ ဒီဇာတ်ညွှန်းအတိုင်း ရိုက်နေကြတာပါလို့သာ မှတ်ကြပါလော့။ )

No comments:
Post a Comment