ခုတလော ပြောနေကြတဲ့ အန်တီနဲ့ ရှစ်ပူးတို့ရဲ့ ကတ္တီပါလမ်းခွဲ ကိစ္စက ရွေးကောက်ပွဲလောက် အရေးမကြီးဘူး ထင်ပါတယ်။
အန်တီနဲ့ ကျောင်းသားတချို့ သဘောထားကွဲကြတာ ရှစ်လေးလုံးဖြစ်ထဲက။ အန်တီရော ကျောင်းသားခေါင်းဆောင် တွေရော ဒီကိစ္စတွေကို ရှေ့တန်းမတင်ခဲ့ကြ။ အရေးကြုံရင် အန်တီနဲ့ NLD ကိုပဲ ဝန်းရံခဲ့ကြ။
ဘုံရန်သူကို လက်ရည်တူ အန်တုနိုင်မဲ့သူ၊ ပြည်သူက ထောက်ခံတဲ့သူ၊ ကမ္ဘာက အားပေးမဲ့သူဟာ အန်တီပဲ ရှိတယ်လို့ လက်ခံခဲ့လို့ပဲ။ ကျောင်းသားခေါင်းဆောင်တွေ အရည်အချင်း ရှိတာ ပြောစရာမလို။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ သြဇာရှိမှုမှာ ယှဉ်မရ။ သူ့လို သြဇာရှိတဲ့လည်း မပေါ်သေး။ ဒါကြောင့် ကေကျူ့တို့ ကိုယ်တိုင် တသီးပုဂ္ဂလ ဝင်မပြိုင်တော့ဘူး လို့ ပြောတာဟာ မဲမကွဲရေး တနည်းအားဖြင့် NLD ဝန်းရံရေး။

အဘ ဟံသာဝတီ
ဦးဝင်းတင်ကြီး ပြောသလို သူ့လို မစွမ်းရင် သူ့ကို ထောက်ခံဖို့ပဲ ရှိတယ်။
သူချော်ရင် ဝိုင်းတည့်ပေးရမယ်။ အမှားကိုမှားမှန်းသိလျှက် လုပ်မည့်သူ မဟုတ်။
လောလောဆယ် အခြေအနေအရ သူ့သြဇာ နာခံမဲ့သူကို ရွေးတာ သူ့ အပိုင်း။
သူ့ကစားကွက်။ ဒီမိုကရေစီက အခုမရသေး။ ရဖို့ တိုက်ပွဲဝင်ဆဲ။
သူဟာ တိုင်းပြည်နဲ့လူထုကို ဘယ်တော့မှ သစ္စာမဖေါက်ဘူးလို့ ယုံတယ်။
သူရွေးထားတဲ့လူတွေ ပေါက်ကရ ဖြစ်ရင် သူတာဝန်ယူလိမ့်မယ်။ လောလောဆယ်က ၂၀၁၅ အလွန် စစ်အာဏာရှင်တွေနဲ့ အာဏာခွဲဝေရေးအတွက် NLD အပြတ်နိုင်မှ ဖြစ်နိုင်မယ်။
အာဏာခွဲဝေရေး အောင်မြင်မှ ခြေဥပြင် ဖြစ်နိုင်မယ်။ အပြတ်နိုင်တဲ့ ပါတီကို တပ်ကလည်း ဆန့်ကျင်မယ် မထင်။ ( တပ်ကို ဆဲနေတာထက် တပ်ထဲက အလယ်အလတ် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အတွေးအခေါ်တွေ ဖလှယ်ကြရင်း တယောက်နဲ့တယောက် နားလည်မှုရလာတာကနေ ပြည်သူ့တပ်မတော် ပြန်ဖြစ်လာမှာပါ။ မကောင်းပြော ခံရတာကို တပ်သားတွေ မခံစားလိုပါဘူး။ )
၂၀၁၅အလွန်မှာ NLD အာဏာရပြီးမှ ပေါက်ကရဖြစ်ရင်လည်း နောက်ငါးနှစ်ပဲ အာဏာရှိမယ်။ ရှစ်ပူးတို့လိုအဖွဲ့တွေက ပါတီထောင်ပြီး အဆင်သင့် ဖြစ်နေပြီ။ ပြည်သူလက်မခံရင် ပြုတ်စော်နံမယ်။ အန်တီလည်း ကယ်နိုင်တော့မှာ မဟုတ်။
လောလောဆယ် အခြေအနေအရလည်း လူထုအုံကြွမှုကြီး ဖြစ်ရန်မရှိ။ ဖြစ်လာရင်လည်း ဘူးလက်စာမိယုံမက နောက် နှစ်နှစ်ဆယ် နောက်ပြန် ပြေးကိန်းရှိတယ်။
သွေးနီတွေ ကျဲကုန်ပြီ ဆိုဆို၊ အဝါရောင်စာတွေ ရေးတယ် ပြောပြော NLD ကို သာ ဝန်းရံကြရမယ်။
( စစ်အာဏာရှင် အသွင်ပြောင်းတွေကို အန်တုဖို့ အန်တီစုကိုပဲ ဝန်းရံကြစို့။ )

No comments:
Post a Comment